ကရင်ပြည်နယ်၊လေးကေကော်နားကစစ်တပ်စခန်းတစ်ခုကိုKNUပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်သူပုန်ခြောက်ဦးဖမ်းဆီးရမိပြီးတချို့ဆိုထိုင်းနိုင်ငံထဲထိထွက်ပြေးသွားတယ်။ထိုတိုက်ပွဲမှာစစ်တပ်ကအကြိမ်ရေ၃၀ကျော်စံချိန်တင်လေကြောင်းပစ်ကူပေးခဲ့ပေမယ့်လဲစခန်းမကျသွားအောင်တော့မလုပ်နိုင်ခဲ့ပါ။
ထူးခြားတာကစစ်တပ်ဟာမြေပြင်မှာခြေလျင်စစ်ကူလုံးဝမပေးခဲ့ဘူး။မြဝတီမြို့နဲ့နီးပြီးအချိန်လဲရှိရဲ့သားနဲ့ခြေလျင်စစ်ကူစစ်ကြောင်းတွေလုံးဝရောက်မလာခဲ့ဘူး။အကယ်လို့စစ်ကူပေးခဲ့ရင်လဲလာသမျှစစ်ကြောင်းတွေအားလုံးလမ်းမှာတင်အစဖျောက်ခံရလိမ့်မယ်။ဒါကိုသိလို့စစ်ကူမပေးတော့တာထင်တယ်။
ဒီပုံစံအတိုင်းဆိုကရင်ပြည်နယ်ထဲကအခြားစစ်တပ်စခန်းတွေလဲသွေးပျက်နေလောက်ပြီ။စခန်းမှာနေပြီးအလကားအသေခံရမယ့်ပုံဖြစ်နေပြီ။ကိုယ်တွေသဘောကတော့KNUကသတိပေးချက်တွေထုတ်ပြန်ထားတဲ့စခန်းအားလုံးကိုတချိန်ထဲတပြိုက်နက်တိုက်ခိုက်စေချင်တယ်။အဲ့ဒီလိုမျိုးတနိုင်ငံလုံးမှာလုပ်နိုင်ရင်ပိုကောင်းမယ်။