NUGနဲ့AAခေါင်းဆောင်တွေပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံတယ်။ခုလောလောဆယ်ရခိုင်မှာတိုက်ပွဲတွေမရှိသလောက်ပြန်ငြိမ်နေပေမယ့်အချိန်မရွှေးတိုက်ပွဲတွေပြန်ဖြစ်နိုင်ကြောင်းAAကသတိပေးထားတယ်။ဒီတော်လှန်ရေးမှာတိုက်ရည်ခိုက်ရည်ကောင်းတဲ့AAသာအတိအလင်းပါလာခဲ့ရင်တော်လှန်ရေးကိုအတော်အရေးသာစေလိမ့်မယ်။စစ်ကောင်စီကလဲရခိုင်ကိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်နေတော့ပွဲတွေကတော့အနှေးနဲ့အမြန်ဖြစ်လာမှာပဲ။
ကချင်မှာလဲစစ်ကောင်စီဘက်တော်သားဝန်ထမ်းတွေကိုနှင်ထုတ်နေသလိုကရင်မှာလဲတော်လှန်ရေးအဖွဲ့တွေပေါင်းစည်းနေကြပြီ။စစ်ကောင်စီကိုတော်လှန်နေတဲ့အဖွဲ့တွေတဖြည်းဖြည်းစုစည်းမိလာပြီးပေါ့။