ရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံလိုက်ရတယ်။ပြီးတော့ရွှေဆိုင်အားလုံးမှာရှိတဲ့ရွှေစာရင်းကိုတင်ပြဖို့အမိန့်ထုတ်လိုက်တယ်။ဒေါ်လာကိုထိန်းချုပ်ပြီးနောက်နိုင်ငံခြားသုံးငွေရှားပါးနေတဲ့စစ်ကောင်စီဟာရွှေစျေးကွက်ကိုပါထိန်းချုပ်ဖို့ကြိုးစားလာတယ်။ရွှေလုပ်ငန်းရှင်များအသင်းကလဲစစ်ကောင်စီအလိုကျလုပ်ပေးနေတယ်။သူတို့ဘယ်လိုပဲလုပ်ပေးနေပါစေ၊အဆင်မပြေမှုတွေဖြစ်လာရင်စစ်ကောင်စီကဇာတ်တူသားလဲစားမှာပဲ။ရှေ့မှာခရိုနီနှစ်ယောက်လဲထောင်ထဲရောက်နေပြီ။
ပြည်တွင်းမှာငွေသားရှားပါးမှုပြသနာကိုဖြေရှင်းဖို့အတွက်တော့ဗဟိုအာရှနိုင်ငံတွေကအဆင့်မမှီတဲ့ ငွေစက္ကူတွေကိုကုန်တင်လေယာဥ်တွေနဲ့အသုတ်လိုက်တင်သွင်းနေတယ်။ပီးရင်ငွေသားတွေကိုဆက်တိုက်ရိုက်ထုတ်တော့မယ်။ငွေဖောင်းပွမှုတွေပိုပြီးဖြစ်လာလိမ့်မယ်။စီးပွားရေးမှာလဲရင်လေးစရာပဲ။