စက်သုံးဆီရှားပါးမှုဂယက်ဖြစ်ပြီးနောက်စစ်ကောင်စီရဲ့ဒေါ်လာလိုအပ်မှုပြသနာဟာပိုမိုဆိုးရွားလာတယ်။ကုန်သည်တွေကိုဒေါ်လာအလုံအလောက်ထုတ်မပေးနိုင်တဲ့အတွက်အခုဆိုသွင်းကုန်အတော်များများကိုတင်သွင်းခွင့်ပိတ်ပင်ထားတယ်။အဆိုးဆုံးက စားသုံးဆီကိုပါအလုံအလောက်တင်သွင်းခွင့်မပေးတော့တာပဲ။ပြည်တွင်းမှာအဓိကထားစာသုံးတဲ့စားအုံးဆီကိုပြည်ပကပဲအများဆုံးတင်သွင်းရတာပါ။အရင်ကတစ်လဆီတန်ချိန်ခြောက်သိန်းလောက်သွင်းခဲ့ပြီးအခုစစ်ကောင်စီရဲ့ကန့်သတ်မှုတွေကြောင့်တန်ချိန်သုံးသိန်းလောက်သာစျေးကွက်ထဲရောက်လာတယ်။အကျိုးဆက်အဖြစ်အရင်ကစားအုန်းဆီတစ်ပိသာနှစ်ထောင်ခန့်သာရှိရာမှအခုရှစ်ထောင်ခန့်အထိစျေးတွေထိုးတက်နေတယ်။ဆီဟာမရှိမဖြစ်စားကုန်ဖြစ်တဲ့အတွက်အိမ်ရှင်မတွေခေါင်းကိုက်နေကြတယ်။
စားသုံးဆီကိုတောင်ကန့်သတ်နေ့မှတော့ပြည်ပကတင်သွင်းရတဲ့တခြားလူသုံးကုန်ပစ္စည်းတွေလဲစျေးတွေတက်နေတယ်။စစ်ကောင်စီဟာနိုင်ငံကိုမြောက်ကိုရီးယားဇာတ်သွင်းနေပြီ။