ဒီလထဲမှာစစ်ကောင်စီအတွက်စစ်မျက်နှာအသစ်တစ်ခုထပ်တိုးလာတယ်။တောင်ပိုင်းကတနင်္သာရီတိုင်းပါ။အရင်ကထိုနယ်မြေမှာအသေးစားတိုက်ပွဲလေးတွေလောက်သာရံဖန်ရံခါဖြစ်ခဲ့ပေမယ့်အခုလထဲမှာပွဲတွေစိတ်လာတယ်။မြောက်ဘက်ရေးမြို့လောက်ကစပြီးထားဝယ်၊ပုလောစတဲ့မြို့တွေမှာထိတွေမှုတွေပိုစပ်လာတယ်။တောင်ဘက်စွန်းကော့သောင်းဘက်မှာတော့ငြိမ်နေဆဲပဲ။တနင်္သာရီတိုင်းဟာKNUရဲ့တပ်မဟာနယ်မြေတွေထဲမှာလဲပါဝင်နေတယ်။ထိုဒေသမှာKNUနဲ့PDF တွေပေါင်းပြီးစစ်မျက်နှာအသစ်ဖော်ဆောင်နိုင်ရင်စစ်ကောင်စီကိုပိုပြီးအကြပ်ရိုက်စေလိမ့်မယ်။