စစ်ကောင်စီကဖိတ်ခေါ်ထားတဲ့ငြိမ်းချမ်းရေးဆွေနွေးပွဲကိုတက်ရောက်မယ့်အဖွဲ့ဆယ်ဖွဲ့ရှိလာတယ်။ထိုအဖွဲ့တွေအားလုံးအဖွဲ့ငယ်လေးတွေသာဖြစ်ကြပြီးစစ်တပ်နဲ့တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိတဲ့အဖွဲ့လေးတွေပဲဆွေးနွေးပွဲတက်ရောက်ဖို့အကြောင်းပြန်ကြတယ်။တကယ်မြေပြင်မှာစစ်ကောင်စီကိုတော်လှန်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကဆွေးနွေးပွဲကိုပြတ်ပြတ်သားသားငြင်းဆန်ပြီးစစ်ကောင်စီကိုလဲပြင်းပြင်းထန်ထန်ဝေဖန်ကြတယ်။စစ်ကောင်စီလက်ထက်မှာခုလိုမျိုးအယောင်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာဒါနောက်ဆုံးဖြစ်မယ်ထင်တယ်။ဒါပြီးရင်တော့စစ်တပ်နဲ့EAOတွေမီးကုန်ယမ်းကုန်တိုက်ခိုက်ကြတော့မယ်။
ဇန်နဝါရီ ၁၇၊ ၂၀၂၅။ (သောကြာ)
ကရင်ပြည်နယ်ကစစ်ကောင်စီလက်အောက်ခံ စောချစ်သူဦးဆောင်တဲ့နယ်ခြားစောင့်တပ်ဖွဲ့BGFကတော့ ကျားမြီးဆွဲမိနေပါပြီ။BGFတွေဟာ မြဝတီမြို့အနီးကရွှေကက္ကိုမြို့သစ်မှာ ကျားဖြန့်လုပ်ငန်းတွေအကြီးအကျယ်လုပ်ကိုင်နေကြတယ်။ပြီးခဲ့တဲ့ရက်တွေက...