အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့နေအိမ်ကိုNUGကဒေါ်လာဆယ်သန်းနဲ့ရောင်းချနေတယ်။နှစ်ရက်အတွင်းမှာဒေါ်လာတစ်သန်းရရှိသွားပြီ။ပြည်သူတွေရဲ့နေအိမ်တွေကိုလိုက်လံချိတ်ပိတ်ခဲ့သမျှအခုတော့သူတို့ခံလိုက်ရတာပဲ။ချိတ်ပိတ်ထားတဲ့အိမ်တွေကိုစစ်ကောင်စီကရောင်းချဖို့ကြိုးစားနေပေမယ့်လဲဘယ်သူမှမဝယ်ကြဘူး။
တနိုင်ငံလုံးကရွာတွေမှာလဲစစ်တပ်ကမီးရှို့လို့ပျက်စီးသွားတဲ့အိမ်ခြေပေါင်းတစ်သောင်းကျော်သွားပြီ။အထူးသဖြင့်စစ်ကိုင်းတိုင်းမှာပေါ့။ခိုကိုးရာမဲ့ပြည်သူတွေအတွက်ထိရောက်တဲ့အကူအညီဆိုတာဘာမှမရှိသေးဘူး။နယ်ဘက်ကပြည်သူတွေဟာတော်လှန်ရေးအတွက်တက်နိုင်သမျှတောင့်ခံနေကြတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...