ရန်ကုန်၊လှည်းတန်းမှာဖြစ်သွားတဲ့လူသတ်မှုဟာအတော်တရားကျစရာကောင်းတယ်။ပြီးခဲ့တဲ့နေ့ကလှည်းတန်းလမ်းဆုံမှာခါးပိုက်နှိုက်တစ်ယောက်ကိုနီးစပ်ရာလူတွေဝိုင်းဖမ်းပေးကြတယ်။အနားမှာဂိတ်ထိုးကြတဲ့ဆိုက်ကားသမားတွေလဲပါမှာပေါ့။ခါးပိုက်နှိုက်ဖမ်းတဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းပေါ်ရောက်သွားပြီးနောက်နေ့မှာထိုဗီဒီယိုဖိုင်ထဲမှာပါတဲ့ဆိုက်ကားသမားကိုခါးပိုက်နှိုက်တွေအုပ်စုဖွဲ့ပြီးလူမြင်ကွင်းမှာပဲလာသတ်သွားတယ်။အနားမှာလူတွေအများကြီးရှိပေမယ့်ဘယ်သူမှမကူညီကြဘူး။ရဲတိုင်လဲအရေးယူမှာမဟုတ်ဘူး။ထိုသူခိုးဂျပိုးတွေကိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ထောင်ထဲကလွှတ်ပေးထားတာလေ။ ထိုဖြစ်ရပ်ကြောင့်နောက်ဆိုမတရားမှုတွေတွေ့ရင်၊ကိုယ်နဲ့မဆိုင်ရင်ဘယ်သူမှကူညီကြတော့မှာမဟုတ်ဘူး။ဒီနိုင်ငံမှာရိုင်းပင်းကူညီစိတ်နဲ့ကိုယ်ချင်းစာတရားပါပျောက်ဆုံးသွားတော့မယ်။
အခုဆိုရင်လမ်းလျှောက်ရင်း၊လိုင်းကားစောင့်ရင်းနဲ့တောင်ဓားထောက်လုယက်မှုတွေဖြစ်နေပြီ။နယ်မြို့တွေမှာဆိုဆိုင်ကယ်မောင်းရင်းနဲ့တောင်ဓားနဲ့လိုက်ခုတ်ပြီးလုယက်မှုတွေဖြစ်နေပြီ။တရားဥပဒေဆိုတာမရှိတော့ဘူး။အခြေအနေတွေဟာကြာလေလေပိုဆိုးလေလေပဲ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...