မြို့ကြီးတွေကတော်လှန်ရေးUGတွေလဲဒီရက်ပိုင်းအထိနာနေတယ်။ရန်ကုန်မှာနန်းထိုက်အောင်စစ်ဆင်ရေးရဲ့တစိတ်တပိုင်းအဖွဲ့ဖြစ်တဲ့Dark Shadow အဖွဲ့တဖွဲ့လုံးနီးပါးအဖမ်းခံလိုက်ရတယ်။သူတို့ခိုလှုံနေတဲ့ရန်ကုန်တဖက်ကမ်းကရွာထဲအထိဝင်ဖမ်းသွားတာ၁၅ဦးခန့်ခွေးဆွဲခံလိုက်ရပြီးတစ်ဦးပစ်သတ်ခံရတယ်။အဖမ်းခံလိုက်ရတဲ့အဖွဲ့ဝင်တွေအားလုံးကိုစစ်သူပုန်တွေသတ်ပစ်လိုက်ပြီလို့သတင်းတွေထွက်လာပေမယ့်အတည်ပြုလို့တော့မရသေးပါဘူး။
မန္တလေးမှာလဲမြို့ပြပျောက်ကျားအဖွဲ့ဝင်တွေခိုလှုံဆေးကုနေတဲ့တည်းခိုခန်းတစ်ခုစီးနင်းခံရတယ်။အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီးထိုကလေးတွေအားလုံးကျဆုံးသွားတယ်။
အဖမ်းခံရတဲ့သူတွေ၊ကျဆုံးသွားတဲ့သူတွေဟာတကယ်တော့တက်သစ်စလူငယ်လေးတွေပါ။တိုင်းပြည်ရဲ့အနာဂတ်လေးတွေပါ။မင်းအောင်လှိုင်သာအာဏာမရူးခဲ့ရင်သူတို့လေးတွေဟာအေးအေးဆေးဆေးပညာသင်နေရမှာ။အခုတော့တိုင်းပြည်ရဲ့အနာဂတ်တွေအကုန်ပျက်စီးကုန်ပြီ။