ပြီးခဲ့တဲရက်ကမန္တလေးကနေစစ်ကိုင်းမုံရွာဘက်ကိုစစ်ကား၁၅၀ကျော်တက်သွားတယ်။အဲ့လောက်တပ်အင်အားအများအပြားထပ်မံဖြည့်တင်းခြင်းဟာစစ်ကိုင်းတိုင်းတခွင်ကိုတတိယအကြိမ်ထိုးစစ်ဆင်ဖို့လို့သုံးသပ်ကြတယ်။တချို့ကားတွေကမုံရွာမြို့ထဲဝင်သွားပြီးအတော်များများကတော့အထက်ပိုင်းဒေသတွေဖြစ်တဲ့ရေဦး၊တန့်ဆည်၊ဒီပဲယင်း၊ရွှေဘိုမြို့တွေဘက်ကိုတက်သွားကြတယ်။ထိုယာဥ်တန်းဟာမုံရွာမဝင်ခင်ချောင်းဦးမှာကတည်းကမိုင်းတွဲတိုက်ခိုက်ခံလိုက်ရတယ်။အခုဆိုရင်ထိုအထက်ပိုင်းဒေသတွေမှာစစ်သူပုန်ယာဉ်တန်းကိုမြိုင်မြိုင်ဆိုင်ဆိုင်ခုခံတိုက်ခိုက်နေကြတယ်။စစ်သူပုန်တွေကတော့သူတို့အထိနာတိုင်းထုံးစံအတိုင်းတစ်ရွာဝင်တစ်ရွာထွက်မီးရှို့လူသတ်နေကြတယ်။စစ်ကောင်စီဟာစစ်ကိုင်းတိုင်းကိုမိုးမကျခင်တလအတွင်းမှာထိန်းနိုင်ဖို့အသည်းအသန်ကြိုးစားနေတယ်။မိုးကျလာရင်သူတို့အားထားရတဲ့လေကြောင်းပစ်ကူကအခုလောက်မလွယ်တော့ဘူးလေ။သူတို့ဘယ်လိုပဲကြိုးစားပါစေ၊စစ်ကိုင်း၊မကွေးအပါအဝင်ရရာလက်နက်ကိုင်တော်လှန်နေတဲ့ဒေသတွေကိုထိန်းချုပ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ပါဘူးလေ။