စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်နဲ့မကွေးတိုင်း၊ရေစကြိုမြို့နယ်တွေကရဲစခန်းတွေတစ်နေ့ထဲတိုက်ခိုက်ခံလိုက်ရတယ်။ထိုမြို့နယ်နှစ်ခုဟာနယ်မြေအနေအထားအရသိပ်မဝေးလှဘူး။ဒေသခံPDF အဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်တာဖြစ်တယ်။စခန်းတွေကိုရခါနီးမှာစစ်သူပုန်တွေဘက်ကစစ်ကူတွေရောက်လာလို့ပြန်ဆုတ်ပေးလိုက်ရပေမယ့်စခန်းထဲကစစ်သူပုန်တွေအထိခိုက်အကျဆုံးများတယ်။အခုဆိုရင်ထိုဒေသကရဲစခန်းတွေဟာဘန်ကာတွေ၊ဆက်သွယ်ရေးမြောင်းတွေနဲ့တကယ့်ရှေ့တန်းကစစ်စခန်းတွေလိုပြင်ဆင်ထားကြရတယ်။သူတို့ကိုယ်တိုင်ကျီးလန့်စာစားနေနေရပြီ။
နေပြည်တော်မှာလဲဘီယာဆိုင်ထိုင်နေတဲ့ဒုဗိုလ်မှုးကြီးနဲ့အပေါင်းအပါတွေဆိုင်ထဲထိဝင်ရောက်ပစ်ခတ်ခံရလို့ငရဲရောက်ကုန်ကြတယ်။နောက်ဆိုစစ်အုပ်စုကလူတွေနေပြည်တော်လိုနေရာမျိုးမှာတောင်အေးအေးလူလူနေရဲကြတော့မှာမဟုတ်ဘူး။