စစ်အုပ်စုဟာဒီကာလမှာဖေ့ဘုတ်လိုဆိုရှယ်မီဒီယာတွေပေါ်မှာရီပို့လုပ်ခံရတာကြောင့်ရှင်သန်လို့မရတော့ဘူး။ဒါကြောင့်သူတို့ဟာတယ်လီဂရမ်လိုဆက်သွယ်ရေးချန်နယ်တွေပေါ်မှာသတင်းမှားမျိုးစုံဖြန့်ဝေနေကြတယ်။တယ်လီဂရမ်မှာဆိုရင်ဟန်ငြိမ်းဦးနာမည်နဲ့ဂရုတစ်ခုဟာတော်လှန်ရေးဘက်တော်သားတွေကိုရှာဖွေသတင်းပေးနေတယ်။ခက်တာကဘာလှုပ်ရှားမှုမှမလုပ်တဲ့သူတွေလဲသတင်းပေးခံနေရတယ်။စစ်ကောင်စီဘက်ကလဲထိုဂရုမှာတင်သမျှလူတွေကိုမဲမဲမြင်ရာလိုက်လံဖမ်းဆီးနေတယ်။
ဒီရက်ပိုင်းမှာနာမည်ကြီးအနုပညာရှင်တွေပါဖမ်းဆီးခံနေရတယ်။အဆိုတော်အောင်လနဲ့ဝိုင်းစုခိုင်သိန်း၊သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့အမျိုးသားတို့ကိုဘာသက်သေအထောက်အထားမှမပြနိုင်ပဲဖမ်းဆီးသွားတယ်။ဒါဟာနာမည်ကြီးတဲ့သူတွေမို့သိရတာ။သာမန်လူတွေဆိုလူမသိသူမသိမတရားဖမ်းဆီးခံရတာမနည်းဘူး။စစ်တပ်ဟာထောက်လှမ်းရေးစနစ်မရှတော့ပဲတယ်လီဂရမ်လိုအကောင့်ကတင်သမျှသူတွေကိုအစစ်ဆေးမရှိဖမ်းဆီးနေတာတော်တော်ရွံဖို့ကောင်းနေပြီ။