အကြီးစားခရိုနီတစ်ဦးဖြစ်တဲ့ဧဒင်ကုမ္မဏီနဲ့MABဘဏ်ဥက္ကဌဦးချစ်ခိုင်ကိုစစ်ကောင်စီကဖမ်းဆီးသွားပြီးအဂတိလိုက်စားမှုနဲ့အမှုတပ်လိုက်တယ်။၊ဦးချစ်ခိုင်ဟာအရင်စစ်အစိုးရလက်ထက်ကတည်းကစစ်ခေါင်းဆောင်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတစ်ဦးပဲ။အခုမှစစ်ကောင်စီကဘာကိုမကျေနပ်လို့ဖမ်းဆီးတယ်ဆိုတာသေသေချာချာမသိရသေးဘူး။သူ့မတိုင်ခင်ကလဲခရိုနီတစ်ဦးဖြစ်တဲ့ဇေကမ္ဘာဦးခင်ရွှေတို့သားအဖကိုဖမ်းဆီးသွားသေးတယ်။စစ်ကောင်စီကိုကြောက်လို့ဒီကာလမှာခရိုနီတော်တော်များများဟာပြည်တွင်းမှာမရှိပဲနိုင်ငံရပ်ခြားမှာသွားရောက်နေထိုင်နေကြတယ်။
အရင်စစ်အစိုးရအပါအဝင်အစိုးရအဆက်ဆက်သာသာယာယာနေနိုင်ကြတဲ့ခရိုနီအသိုင်းအဝိုင်းဟာအခုမင်းအောင်လှိုင်လက်ထက်ရောက်မှမျက်ခုံးလှုပ်နေရပြီ။သူတို့မကျေနပ်ရင်အချိန်မရွှေးအမှုဆင်ဖမ်းဆီးခြင်းကိုကြုံတွေ့ရနိုင်တယ်။မြန်မာပြည်မှာဘယ်လူတန်းစား၊ဘယ်အသိုင်းအဝိုင်းမှမလုံခြုံတော့ဘူး။