စက်သုံးဆီပြသာနာဟာမနေ့ကညနေပိုင်းမှာပဲဆီဆိုင်ကြီးတွေကအလုံအလောက်ဝယ်ယူနိုင်ပါပြီဆိုတဲ့ထုတ်ပြန်ချက်တွေကြောင့်အနည်းငယ်ပြေလည်သွားတယ်။စစ်ကောင်စီဘက်ကဆီလုပ်ငန်းရှင်တွေကိုချက်ချင်းဖိအားပေးတယ်လို့ကြားတယ်။ဒီနေ့တော့ဆီဆိုင်တွေမှာတန်းစီစရာမလိုတော့ဘူး။ဒါပေမယ့်ဆီလက်ကျန်ရှိမရှိနဲ့စစ်ကောင်စီကဒေါ်လာထုတ်ပေးမပေးကိုတော့တိတိကျကျမသိရသေးဘူး။စစ်ကောင်စီဘက်ကတင်းခံနေရင်တော့ဆီလက်ကျန်တွေကုန်သွားတဲ့အခါအခြေအနေတွေဒီထက်ပိုဆိုးလာလိမ့်မယ်။
ဒီကိစ္စမှာဆီလုပ်ငန်းရှင်တွေဘက်ကလဲအရှုံးခံရောင်းနေရမှုကြောင့်ဆီစျေးဆွဲတင်ချင်လို့စစ်ကောင်စီကိုပညာပြလိုက်တဲ့သဘောလဲပါတယ်။ဘာပဲဖြစ်ဖြစ်နောက်ဆုံးတော့ဒုက္ခရောက်မှာပြည်သူတွေပဲလေ။