မန္တလေးမှာNLDထောက်ခံသူလက်ဖက်ရည်ပိုင်ရှင်တစ်ဦးအသတ်ခံလိုက်ရတယ်။အလောင်းကိုတွေ့တဲ့နေရာမှာစွန့်ပစ်ပြီးကျူးလွန်သူတွေဟာသွေးသောက်အဖွဲ့ဆိုပြီးပေါ်တင်ကြေငြာသွားတယ်။ထိုအဖွဲ့ကိုစစ်တပ်ကဖွဲ့စည်းထားတာဖြစ်ပြီးဒီမိုကရေစီဘက်တော်သားအရပ်သားတွေကိုလက်တုံ့ပြန်သတ်ဖြတ်သွားမယ်လို့လဲပြောသွားသေးတယ်။လက်ရှိအချိန်မှာစစ်တပ်ထောက်ခံသူဒလန်အကြီးစားတွေ၊အရပ်ဝတ်ထောက်လှမ်းရေးသမားတွေဆက်တိုက်အသတ်ခံနေရတာတွေကိုတန်ပြန်ဖို့စစ်တပ်ကအောက်လမ်းနည်းတစ်ခုသုံးလိုက်တာပဲ။အခုချိန်မှာတော့ဘယ်ဖက်မှာပဲနေနေ၊ဘယ်ပြည်သူမှမလုံခြုံတော့ဘူး။ဒါတွေအားလုံးဟာစစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


