KNUကတော့စစ်တပ်ဟာနိုင်ငံရေးကနေလုံးဝမထွက်သ၍ငြိမ်းချမ်းရေးမဆွေးနွေးဘူးလို့ပြောလိုက်ပြီ။ကချင်ကKIA၊ကယားကKNPP၊ချင်းကCNFတို့ကလဲအလားတူပုံစံမျိုးပြောကြားထားတယ်။ထိုအဖွဲ့တွေကတော့စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ဘူး။မြေပြင်မှာလဲထိုဒေသတွေဟာစစ်တပ်ရဲ့အကြမ်းဖက်မှုဒဏ်ကိုအများဆုံးခံနေရတာလေ။
စစ်ဘေးသင့်ဒေသတွေကစစ်တပ်ရဲ့အပေါင်းအပါတွေနဲ့မိသားစုဝင်တွေထိုဒေသတွေမှာသူတို့အတွက်လုံခြုံမှုမရှိတော့လို့နေပြည်တော်ကိုအလုံးအရင်းနဲ့ပြောင်းရွှေ့နေကြတယ်။စစ်ကောင်စီကထိုသူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေUNကိုတောင်းထားတယ်ဆိုပဲ။နယ်တွေကရွာလုံးကျွတ်မီးရှို့ခံရတဲ့ပြည်သူတွေသိရင်အော့နှလုံးနာစရာပဲ။အခုလောလောဆယ်တော့နေပြည်တော်ကစစ်တပ်အနွယ်ဝင်စစ်ဘေးရှောင်တွေစားစရိတ်ပေးပြီးခိုလှုံနေရတယ်။စစ်တပ်ဟာဒုက္ခရောက်နေတဲ့သူ့လူတွေကိုတောင်အပြည့်အဝအထောက်ပံမပေးချင်ဘူး။