စစ်ကောင်စီဟာသူ့ရဲ့ဒေါ်လာထိန်းချုပ်အမိန့်ကိုတချို့တဝက်ပြန်လည်ဖြေလျော့ပေးလိုက်တယ်။နိုင်ငံခြားသားလုပ်ငန်းရှင်တွေ၊အဖွဲ့အစည်းတွေနဲ့လေကြောင်းလိုင်းတွေကိုကင်းလွှတ်ခွင့်ပေးလိုက်တယ်။ပြည်တွင်းကလုပ်ငန်းရှင်တွေတော့ပါမလာဘူး။ဦးနှောက်မရှိလုပ်ချင်တိုင်းလုပ်ပြီးနောက်ဆုံးတော့တင်းမထားနိုင်ပဲအလျော့ပေးလိုက်ရတယ်။ပြည်တွင်းလုပ်ငန်းရှင်တွေကင်းလွတ်ခွင့်ထဲမပါတဲ့အတွက်ထိုအမိန့်ဟာစီးပွားရေးအပေါ်အကျိုးသက်ရောက်မှုဆက်လက်ကြီးမားနေဦးမယ်။
မုံရွာတဖက်ကမ်းကတရုတ်ပိုင်ကြေးနီစီမံကိန်ကိုပြန်လည်လည်ပတ်ခွင့်မပြုလို့ဒေသခံPDF တွေပူးပေါင်းသတင်းထုတ်ပြန်လိုက်တယ်။ဒါဟာတရုတ်ပိုင်စီမံကိန်းကြီးတစ်ခုကိုပထမဆုံးအကြိမ်ကြီးကြီးမားမားခြိမ်းခြောက်လိုက်တာပဲ။အခုလောလောဆယ်မှာစစ်ကောင်စီကိုပေါ်တင်ထောက်ခံနေတဲတရုတ်အတွက်ဘယ်လိုဆက်သွားမလဲဆိုတာစဉ်းစားစရာတွေဖြစ်လာလိမ့်မယ်။စစ်ကောင်စီဘက်ကလဲထိုစီမံကိန်းကြီးတွေကိုလုံခြုံရေးပေးဖို့အင်အားတွေထုတ်နုတ်သုံးစွဲရတော့မယ်။PDFတွေဖက်ကထုတ်ပြန်ချက်လေးတစောင်ဆိုပေမယ့်အဲ့ဒါကအတော်တာသွားတယ်။