စစ်ကောင်စီရဲ့ဒေါ်လာထိန်းချုပ်ရေးအမိန့်အကျိုးဆက်အဖြစ်ပြည်တွင်းစက်သုံးဆီလောကမှာအကြီးအကျယ်ဂရက်ရိုက်နေတယ်။နှစ်သစ်ကူးကာလအတွင်းပိတ်ထားတဲ့စက်သုံးဆီဆိုင်အတော်များများပြန်ဖွင့်ချိန်မှာဆီလက်ကျန်မရှိနည်းနေတဲ့အကြောင်းပြချက်နဲ့စျေးတွေတက်ကုန်ပြီးခွဲတမ်းနဲ့သာဝယ်ယူလို့ရတော့တယ်။ရန်ကုန်ကဆိုင်ကြီးတွေမှာတောင်ကားတစ်စီးကိုအများဆုံးကျပ်ငါးသောင်းဖိုးသာရောင်းချပေးတော့တယ်။အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ရန်ကုန်မှာခွဲတမ်းနဲ့ရောင်းနေတာကြောင့်နယ်မြို့ကြီးတွေမှာလဲခွဲတမ်းစနစ်တွေဖြစ်ကုန်တယ်။ဆီဆိုင်အသေးလေးတွေပိတ်ထားကြပြီးဆီဆိုင်ကြီးတွေမှာအလုအယက်ဆီလာဖြည့်တဲ့ကားတွေတန်းစီနေတယ်။
ဒီပြသာနာဟာအဓိကကပြည်ပကဆီဝယ်ဖို့စစ်ကောင်စီကဒေါ်လာပြန်ထုတ်ပေးမပေးမသေချာတာကစတာပဲ။စစ်ကောင်စီအနေနဲ့ကလဲလုပ်ငန်းရှင်တွေဆီကအောက်စျေးနဲ့မတရားအမိန့်ထုတ်ပြီးသိမ်းထားတဲ့ဒေါ်လာတွေကိုပြန်ထုတ်ပေးချင်မှာမဟုတ်ဘူး။ဒီပြသာနာကိုမြန်မြန်မဖြေရှင်းနိုင်ရင်အကျိုးသက်ရောက်မှုအတော်ကိုကြီးမားလာလိမ့်မယ်။အခုတော့အရင်လွတ်လပ်စွာကြိုက်သလောက်ဝယ်ယူလို့ရတဲ့စက်သုံးဆီကိုခွဲတမ်းနဲ့တန်းစီပြီးပြည်သူတွေဝယ်ယူနေရပြီ။စစ်အာဏာရှင်လက်အောက်မှာပြည်သူတွေဟာဘဏ်မှာလဲတန်းစီ၊အောက်ဆီဂျင်လဲတန်းစီ၊အခုစက်သုံးဆီကိုပါတန်းစီနေရပြီ။