Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စက်သုံးဆီဆိုင်အများစု အလုံအလောက်ရောင်းချဖို့ အခက်ကြုံနေဆဲ

April 27, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စက်သုံးဆီဆိုင်တွေမှာ ဆီကို လိုသလောက်ဝယ်လို့ရနေတယ်လို့ စစ်ကောင်စီက အင်္ဂါနေ့ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပေမယ့်မြို့ကြီးတွေကဆီဆိုင်အများစုမှာအကန့်အသတ်နဲ့ပဲရောင်းချနေတုန်းဖြစ်ပါတယ်။ဓာတ်ဆီစျေးကလည်းသင်္ကြန်နောက်ပိုင်းမှာတလီတာကိုပျမ်းမျှကျပ်၂,၀၀၀ဝန်းကျင်ပေးဝယ်နေရပြီး တက္ကစီယာဉ်မောင်းတွေလို နေ့တိုင်း ဆီဝယ်ယူနေရတဲ့သူတွေအဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နေ့စဉ်သုံးစက်သုံးဆီဝယ်ယူမှုအကျပ်အတည်းဖြစ်လာတဲ့နောက်ပြည်တွင်းမှာစက်သုံးဆီအလုံအလောက်ရှိပြီး ပြတ်လပ်မှုလုံးဝမဖြစ်နိုင်ဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆီဆိုင်တွေကလည်း လိုသလောက်ရောင်းချပေးမယ်လို့ စာတွေ အသီးသီးထုတ်ပြန်ခဲ့ပေမယ့် ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေက စက်သုံးဆီဆိုင်တချို့မှာ ဒီနေ့အထိ အကန့်အသတ်နဲ့ ရောင်းချနေရတုန်း ဖြစ်ပါတယ်။ မနက်ပိုင်းတုန်းက စက်သုံးဆီဆိုင်တချို့ လိုသလောက်ရောင်းချပေးခဲ့ပေမယ့် နောက်ပိုင်း ဆီပြတ်ပြီး ဆိုင်ပိတ်သွားတာတွေရှိပါတယ်။ ဒါပေမယ့် ရန်ကုန်က တချို့ဆိုင်တွေမှာတော့ ဆီလက်ကျန်မရှိလို့ မရောင်းပေးတဲ့ဆိုင်တွေ ရှိတယ်လို့ ဆီငါးသောင်းဖိုးရဖို့ ဆိုင်သုံးလေးဆိုင်မှာ လှည့်ပတ်ဝယ်ခဲ့တဲ့ တက္ကစီ ယာဉ်မောင်းတဦးက ပြောပါတယ်။

“ကျနော်ကိုယ်တိုင် တညင်းကုန်းအကျော်က ဂတ်စ်ဆိုင်ရှေ့ကဆိုင်မှာ သွားထည့် တယ်။ မယုံလို့ဆိုပြီးတော့ ကျနော်တို့သွားထည့်တယ်။ ထည့်တဲ့အချိန်မှာ 92 နဲ့ 95 ဆိုရင် မရပါဘူးဆိုပြီး ကုန်သွားပါပြီ၊ ဒီအတိုင်းပြောလိုက်တယ်။ ၁၂ နာရီ ၁၅ မိနစ်ကပါ။ ကားနည်းတဲ့ဆိုင်မှန်သမျှကျနော်တို့ ဝင်ထိုးရတယ်။ ကျနော်တို့ကားတွေကျ အခက်အခဲရှိတာပေါ့။”

ဆီလက်ကျန်ပြတ်သွားလို့ဆိုင်ပိတ်ခဲ့ရရင် တာဝန်ရှိသူတွေ ခေါ်ယူမေးမြန်းမှာစိုးတာကြောင့် ဆိုင်အများစုကတော့ ထိန်းပြီးရောင်းနေကြတယ်လို့ ဆီဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

မန္တလေးအပါအဝင် တခြားမြို့တွေက ဆိုင်တွေမှာလည်း မနေ့ကလောက်တိုးကြိတ်တာတွေ မရှိပေမဲ့လည်း ဓာတ်ဆီ၊ ဒီဇယ်စျေးတွေကတော့ သင်္ကြန်အပြီးမှာထပ်ပြီး တက်လာပါတယ်။ ပရီမီယံဒီဇယ် တပီပါကို သင်္ကြန်မတိုင်ခင်ကစျေးထက်သင်္ကြန်အပြီးမှာ ကျပ် ၂၀၀,၀၀၀ (နှစ်သိန်း) နီးပါးလောက် စျေးတက်လာတယ်လို့ မန္တလေးက စက်သုံးဆီလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“လက်ကားစျေးက ပိုမြောက်သွားတယ် ၅၈၀,၀၀၀၊ ၆၀၀,၀၀၀ ပတ်ချာလည်ကို ကြိုက်ရောင်းကြိုက်ဝယ်တွေ ရောက်သွားတယ်။ သင်္ကြန်မတိုင်ခင်က ဆီတပီပါကို ၄၂၀,၀၀၀ လောက်ပဲရှိတာ။ အောက်တိန်းဆိုရင် ၅၁၀,၀၀၀ လောက်ကို ရောက်သွားတယ်။ တော်တော်ကွာသွားတယ်။ ဒီနေ့တချို့ဆိုင်ကြီးတွေက ပိတ်သွားတယ်၊ ဒါပေမဲ့ ကျနော်တို့ကတော့ မပိတ်ဘူး။ ဆီပြတ်တဲ့အထိ ရောင်းလိုက်တယ်။”

ဓာတ်ဆီကို လိုသလောက်ဝယ်လို့မရသေးတာဟာ တက္ကစီလုပ်ငန်းတွေလို နေ့တိုင်းမရှိမဖြစ် ဓာတ်ဆီသုံးရတဲ့ လုပ်ငန်းတွေအတွက် အခက်အခဲရှိပါတယ်။ တက္ကစီယာဉ်စီးခနှုန်းတွေလည်း ဒီရက်ပိုင်းထဲမှာ ပိုပြီးယူနေရတယ်လို့ ရန်ကုန်က တက္ကစီယာဉ်မောင်းတဦးက ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးက စက်သုံးဆီအခြေအနေတွေကို အကဲခတ်ပြီး ဝေးလံခေါင်ဖျားဒေသတွေက ဆီဆိုင်တွေလည်း အကန့်အသတ်နဲ့ပဲ ထိန်းပြီးရောင်းချကြပါတယ်။ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တချို့ကတော့ ပြည်ပကနေ ဆီတင်သွင်းဖို့အတွက် သူတို့လက်ထဲမှာ ဒေါ်လာငွေအလုံအလောက် မရှိတာကြောင့်လို့ ဗွီအိုအေပြောပါတယ်။ စက်သုံးဆီစျေးတက်ပြီး လိုသလောက်မပေးနိုင်တာဟာ ပြည်တွင်းမှာ ဒေါ်လာရှားပါးတာကြောင့် လုပ်ငန်းရှင်တွေက ပြောပေမယ့် ဒီလိုပြောတာတွေဟာ ကောလာဟလတွေသာဖြစ်ပြီး စက်သုံးဆီစျေးတည်ငြိမ်ဖို့အတွက် ဒေါ်လာတွေ ရောင်းချပေးထားတာရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ ဒါ့အပြင် စက်သုံးဆီလုပ်ငန်းရှင်တွေကိုလည်း တာဝန်ရှိသူတွေက မနေ့က ခေါ်ယူတွေ့ဆုံပြီး၊ စက်သုံးဆီ ဝယ်ယူဖြန့်ဖြူရေးအတွက် ညှိုနှိုင်းဆွေးနွေးခဲ့တယ်လို့ မြန်မာစစ်ကောင်စီသတင်းတွေမှာ ထုတ်ပြန်ခဲ့ပါတယ်။

Source – VOA NEWS

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English