NUGကာကွယ်ရေးဝန်ကြီးPDFစခန်းတနေရာမှာရှိနေတဲ့ပုံတွေထုတ်ပြန်လိုက်တယ်။ကာဝန်ကရှေ့တန်းမှာလူလုံးထွက်ပြတဲ့သဘောပေါ့။အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့လက်အောက်ကစစ်သားတွေကိုသာအသေခံထိုးကျွေးနေပြီးလူလုံးပြဖို့နေနေသာသာခရီးစဉ်တွေတောင်သိပ်မထွက်ရဲဘူး။စစ်သားတွေအတွက်တွေးတတ်ရင်နာဖို့ကောင်းတယ်။
NUGကထုတ်ပြန်ချက်ထဲမှာတနိုင်ငံလုံးဧရိယာရဲ့၃၀%ကိုEAOတွေကထိန်းချုပ်ထားပြီး၁၅%ကိုတော့PDFထိန်းချုပ်နိုင်ပြီလို့ဆိုတယ်။စုစုပေါင်းနိုင်ငံတဝက်လောက်ကိုထိန်းချုပ်ထားနိုင်တဲ့သဘောပေါ့။မကြာမီမှာခံစစ်ကတိုက်စစ်ကိုကူးပြောင်းတော့မယ်တဲ့။စစ်ပွဲဟာပိုမိုပြင်းထန်လာတော့မယ်။