မနေ့ကမုံရွာမြို့ပေါ်ကလမ်းမကြီးမှာPDFတွေအစောင့်အရှောက်နဲ့သပိတ်ပွဲကျင်းပသွားတယ်။ဒါမျိုးကအရင်ရွာတွေဘက်မှာပဲလုပ်ကြတာ။အခုမုံရွာလိုမြို့ကြီးပေါ်ရောက်လာပြီ။မုံရွာဆိုတာကလဲအခုဆိုရင်PDFတွေပတ်ချာလည်ဝိုင်းထားတဲ့မြို့ဖြစ်နေပြီ။မြို့နေလူထုကလဲညီကြတယ်။မြို့ပေါ်ကစစ်တပ်ရဲ့တိုင်းဌာနချုပ်ဆိုရင်မကြာမကြာလက်နက်ကြီးနဲ့အပစ်ခံနေရတယ်။
မနေ့ကသပိတ်ပွဲပြီးလို့လူစုခွဲအပြီးမှာPDFငါးယောက်ဒလန်သတင်းပေးမှုကြောင့်အသတ်ခံလိုက်တယ်။သပိတ်ပွဲကအောင်မြင်ပေမယ့်ပေးဆပ်မှုကတော့ကြီးမားသွားတယ်။
မန္တလေးမှာလဲမြို့ပြပျောက်ကျားအဖွဲ့ဝင်တချို့အဖမ်းခံလိုက်တယ်။မန္တလေးမြို့ဟာမြို့ပုံစံကြောင့်တခြားမြို့တွေနဲ့မတူပဲUGတွေလှုပ်ရှားရတာတကယ်မလွယ်ပါဘူး။မြို့ကြီးတွေပေါ်ကUGတွေဘဝကတော့ဒီလိုပဲပိန်လိုက်ဖောင်းလိုက်ပါပဲ။