ကိုဗစ်ကြောင့်ချမှတ်ထားတဲ့လူစုလူဝေးကန့်သတ်ချက်ကိုစစ်ကောင်စီကပယ်ဖျက်လိုက်ပြီးဒီနေ့နှစ်ဆန်းတရက်နေ့မှာတနိုင်ငံလုံးကရုပ်ရှင်ရုံတွေပြန်ဖွင့်စေတယ်။နိုင်ငံရေးမလုပ်တဲ့အနုပညာရှင်တွေနဲ့လွတ်ငြိမ်းနဲ့ပြန်လွတ်လာတဲ့အနုပညာရှင်တွေရဲ့ဇာတ်ကားတွေကိုအဓိကထားပြသခိုင်းထားတယ်။ဒါပေမယ့်ကြည့်မယ့်ပရိသတ်တော့မရှိဘူး။စစ်ကောင်စီဟာပုံမှန်အခြေအနေပြန်ရောက်နေကြောင်းအတင်းလုပ်ယူနေတဲ့အတွက်လူထုကလဲစစ်ကောင်စီလုပ်သမျှအရာအားလုံးကိုသပိတ်မှောက်လျက်ရှိတယ်။ရုပ်ရှင်ရုံပိုင်ရှင်တွေ၊ဇာတ်ကားထုတ်လုပ်သူတွေလဲအကြပ်အတည်းဆိုက်နေတယ်။ရုံတွေကိုအတင်းအကြပ်ပြန်ဖွင့်စေပြီးလျှပ်စစ်မီးကိုတော့လုံလုံလောက်လောက်မပေးနိုင်၊ပရိသတ်လဲမရှိတဲ့အတွက်တင်သမျှဇာတ်ကားတိုင်းအရှုံးပေါ်မှာပဲ။သူတို့လဲကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး။စစ်ကောင်စီအတွက်ကတော့လုပ်သမျှအရာအားလုံးအရှုံးကြီးရှုံးလျက်ရှိတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...