သင်္ကြန်အကြတ်နေ့မှာတော့ပတ်ဝန်းကျင်ကိုစက်ဘီးလေးတစီးနဲ့လျှောက်ကြည့်ဖြစ်တယ်။ရပ်ကွက်ထဲမှာကလေးတချို့ကလွဲပြီးရေကစားသူမရှိဘူး။ခါတိုင်းတွေ့နေကျအုန်းလက်မဏ္ဏပ်လေးတွေတောင်မတွေ့ပဲခြောက်ကပ်လျက်ရှိတယ်။ရပ်ကွက်ထဲတင်လားဆိုရင်တောမဟုတ်။တမြို့လုံး၊တနိုင်ငံလုံးမြို့ကြီးမြို့ငယ်အသွယ်သွယ်မှာတိတ်ဆိတ်ငြိမ်သက်လို့ပေါ့။ရပ်ကွက်ထဲမှာတချို့ကတော့ရိုးရာမပျက်စတုဒီသာကျွေးကြတယ်။ဒီလိုကြပ်တည်းနေတဲ့အချိန်ကြီးမှာအလှူလုပ်ကြတာချီးကျူးဖို့ကောင်းတယ်။စက်ဘီးလေးနဲ့ရောက်တက်ရာရာလျောက်သွားခဲ့ပေမယ့်ဒီသကြန်မှာတော့ရေမစိုခဲ့ပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


