တိုင်းပြည်ဟာပုံမှန်အခြေအနေပြန်ရောက်နေကြောင်းပြချင်ဇောနဲ့စစ်ကောင်စီဟာသင်္ကြန်ကိုစည်ကားသယောင်အတင်းအကြပ်လုပ်ဆောင်နေတယ်။ဒါပေမယ့်ပထမဆုံးနေ့မှာတင်သူတို့ကျရှုံးခဲ့တယ်။
ရန်ကုန်မြို့တော်ခန်းမရှေ့ကမဏ္ဌပ်မှာကားခြောက်စီးလောက်နဲ့ရေပတ်ခံထွက်နေသယောင်ဟန်ပြနေပေမယ့်လဲဘယ်ပြည်သူမှသူတို့စီစဉ်ထားတဲ့မဏ္ဌပ်ရှေ့ကိုရောက်မလာကြဘူး။မန်တလေးမှာဆိုလဲကျုံးပတ်လည်မှာလှေတွေနဲ့ရေသဘင်ပွဲဆိုပြီးကျင်းပတယ်။ဒါပေမယ့်ကျုံးပတ်လည်လမ်းမကြီးတွေကိုပိတ်ထားတော့သူတို့လူတွေကလွဲပြီးဘယ်သူမှမရှိကြဘူး။စစ်ကောင်စီအခြေစိုက်ရာနေပြည်တော်မှာဆိုလဲခြောက်ကပ်နေတယ်။NonCDMဝန်ထမ်းတွေကတော့အနားမရပဲစစ်ကောင်စီအလိုကျသင်္ကြန်ပွဲတော်ကိုဆင်နွဲပေးနေကြရတယ်။တနိုင်ငံလုံးကပြည်သူအများစုအတွက်ကတော့ဒီနှစ်သကြန်ဟာတော်လှန်သင်္ကြန်ပဲ။