သင်္ကြန်ကျလာပြန်ပြီပေါ့။ဒီနေ့ဟာသင်္ကြန်အကြိုနေ့။မြန်မာပြည်သူတွေအတွက်တော့သင်္ကြန်ကိုလွတ်လွတ်လပ်လပ်မပျော်ရတာသုံးနှစ်ဆက်တိုက်ရှိနေပြီ။၂၀၂၀က Covid၊ ၂၀၂၁က Coup၊ အခု၂၀၂၂မှာတော့တနိုင်ငံလုံး Civil War ဖြစ်နေတယ်။
ကိုယ့်အတွက်လဲဒီနှစ်သင်္ကြန်မှာဘာအစီအစဉ်ှမရှိဘူး။တချို့တွေကဒီရုံးပိတ်ရက်တွေကိုခရီးတွေထွက်ကြပေမယ့်အပျော်တွေလုပ်ဖို့စိတ်မလုံဘူး။နယ်ဘက်တွေမှာ၊တောထဲမှာပြည်သူတွေအသက်အိုးအိမ်စည်းစိမ်တွေနေ့စဉ်နဲ့အမျှဆုံးရှုံးနေတယ်။အပျော်တွေလုပ်မယ့်အစားသူတို့ကိုသာတတ်နိုင်သမျှကူညီပေးလိုက်ချင်တယ်။ဒီသင်္ကြန်လေးရက်တော့အိမ်မှာပဲနေဖြစ်လိမ့်မယ်။