လေယာဉ်၊ရဟတ်ယာဉ်၊တင့်ကားတွေအပါအဝင်စစ်ဘက်သုံးအရေးကြီးယာဉ်တနဲ့CDMလုပ်ရင်၊ဒါမှမဟုတ်ထိုယာဉ်တွေကိုပျက်စီးအောင်လုပ်နိုင်ရင်ဒေါ်လာငါးသိန်းအထိဆုငွေချီးမြှင့်မယ့်အစီအစဉ်ကိုNUGကထုတ်ပြန်ကြေငြာလိုက်တယ်။ဒါဟာစစ်တပ်ဘက်CDMလုပ်ချင်တဲ့သူတွေအတွက်သတင်းကောင်းပဲ။မက်လောက်စရာဆုငွေတွေရမယ့်အပြင်သြစတေးလျနိုင်ငံမှာသာသာယာယာခိုလှုံခွင့်ရသွားမယ်။စစ်တပ်ဘက်ကသူရဲကောင်းတွေဘယ်အချိန်ပေါ်လာမလဲစောင့်ကြည့်ရမယ်။
ဒီနေ့ပဲဗဟိုဘဏ်ဒုဥက္ကဌတစ်ယောက်ရန်ကုန်ကသူ့နေအိမ်မှာလုပ်ကြံခံလိုက်ရတယ်။စစ်ကောင်စီဘက်ကအကြီးတန်းအဖွဲ့အဝင်တစ်ယောက်ပထမဆုံးအကြိမ်လုပ်ကြံခံရခြင်းပဲ။အောက်ခြေစစ်သားတွေကိုတိုက်ခိုက်နေတာထက်ဒီလိုပုဂ္ဂိုလ်တွေမျိုးကိုမှတ်သားလောက်အောင်လုပ်ပြနိုင်ခြင်းဟာစစ်ကောင်စီအဖွဲ့ဝင်တွေကိုပိုမိုခြောက်ခြားစေလိမ့်မယ်။