ရန်ကုန်မြို့အထွက်အဝေးပြေးလမ်းမကြီးတွေပေါ်မှာယာဥ်ကြောပိတ်ဆို့မှုတွေဆိုးရွားစွာဖြစ်ပေါ်နေတယ်။သကြန်ရုံးပိတ်တွေစပြီမို့တချို့တွေကနေရပ်ပြန်ကြပြီးတချို့တွေကတော့အပျော်ခရီးထွက်ကြတယ်။တောထဲမှာလူငယ်လေးတွေအသက်ပေးပြီးတော်လှန်ရေးအတွက်တိုက်ပွဲဝင်နေကြပေမယ့်တချို့မြို့နေလူတန်းစားတစ်စုကယခုအချိန်ထိကိုယ်နဲ့မဆိုင်သလိုနေထိုင်ကြဆဲပဲ။ဒီရက်တွေဆိုကမ်းခြေတွေကဟိုတယ်တွေမှာဘိုကင်တွေပြည့်နေပြီ။ရန်ကုန်နဲ့မန္တလေးကနာမည်ကြီးဘားတွေကလပ်တွေမှာလဲပျော်ပါးသောင်းကျန်းနေကြတဲ့သူတွေများလာလို့တော်လှန်ရေးအဖွဲ့တွေကဒီရက်ပိုင်းဆက်တိုက်ဖောက်ခွဲသတိပေးနေရတယ်။ထိုလူတန်းစားတွေအနေနဲ့အပျော်အပါးနည်းနည်းလျော့ပြီးတော်လှန်ရေးကိုသာထောက်ပံပေးမယ်ဆိုရင်အခုထပ်အများကြီးခရီးရောက်နေပြီ။စစ်အာဏာသိမ်းမှုမှာလွတ်မြောက်ကျန်ခဲ့မယ့်သူမရှိဘူးဆိုတာဒီအချိန်မှာသိဖို့ကောင်းနေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


