မသွားကြာပြီဖြစ်တဲ့ရုံးချုပ်ကိုဒီနေ့သွားရတယ်။Work from Home ဖြစ်တဲ့အတွက်ရုံးပုံမှန်မသွားဖြစ်တာလဲတော်တော်ကြာနေပြီပေါ့။အိမ်မှာကားရှိပေမယ့်လက်ရှိအချိန်မှာကိုယ့်ကားလေးမောင်းပြီးမသွားနိုင်တော့ဘူး။အသွားအပြန်ကိုကားဆီဖိုးကတစ်သောင်းလောက်ကုန်ပြီးကားပါကင်ကြေးကငါးထောင်လောက်ကျလိမ့်မယ်။ဒီကာလအကုန်အကျတွေများလို့ရုံးသွားဖို့တစ်ခုထဲအတွက်နဲ့အဲ့ဒီလောက်မသုံးနိုင်တော့ဘူး။အဲ့ဒီတော့ကားရှိပြီးလိုင်းကားနဲ့ရုံးသွားရတဲ့ဘဝပြန်ရောက်သွားတယ်။
ဒါဟာရန်ကုန်ကလူလတ်တန်းစားတစ်ယောက်ရဲ့အခြေအနေပဲ။အထက်တန်းလွှာတွေလဲသက်သာမယ်မထင်နဲ့။စစ်ကောင်စီရဲ့ဒေါ်လာထိန်းချုပ်ရေးအမိန့်ကြောင့်နေရင်းထိုင်ရင်းကိုယ့်လက်ထဲကငွေတွေခိုးယူခံလိုက်ရတယ်။ ကြပ်တည်းနေတဲ့ခေတ်ကြီးမှာလူတိုင်းရဲ့နေ့စဥ်လူနေမှုဘဝဟာဖရိုဖရဲဖြစ်နေတယ်။