USကထောက်ပံတဲ့ဒေါ်လာသန်း၁၃၀ကျော်ကိုလက်ခံယူဖို့NUGကိုယ်စားလှယ်အဖွဲ့အမေရိကန်ကိုရောက်ရှိနေပြီ။ထိုငွေတွေကိုစစ်ရေးအတွက်အသုံးပြုလို့မရဘူးဆိုပေမယ့်လူသားချင်းစာနာမှုအကူအညီတွေမှာကောင်းကောင်းသုံးနိုင်မယ်ဆိုရင်တော့မဆိုးပါဘူး။ပြည်တွင်းမှာစစ်ပြေးဒုက္ခသည်တွေကလဲနည်းတာမဟုတ်ဘူးလေ။ထိုပြည်သူတွေကိုထောက်ပံနိုင်ရင်တော့NUGအတွက်အတိုင်းအတာတစ်ခုအထိဖိအားတွေလျော့သွားနိုင်တယ်။
စစ်ကောင်စီရဲ့လေကြောင်းရန်ကိုပြန်လည်တိုက်ခိုက်နိုင်ဖို့အလှူငွေကောက်ခံနေတဲ့ Dragon Fly Projectကတော့ရက်တိုတိုအတွင်းလျာထားချက်ကိုကျော်လွန်ပြီးဒေါ်လာတစ်သန်းခန့်ရရှိနေပြီ။လေယာဉ်ပစ်တွေများများဝယ်နိုင်ရင်စစ်ရေးမှာပြည်သူတွေဖက်ကတဖြည်းဖြည်းနဲ့ချိန်ခွင်သာလာလိမ့်မယ်။