တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ စစ်ကောင်စီဟာ အငြိမ်းစားယူရမယ့် သက်တမ်းကို အရင် ၆၀ က နေ အခု ၆၂ နှစ်အထိတိုးမြှင့်လိုက်ပါတယ်။ ဒါဟာ စစ်ကောင်စီတွေရဲ့အင်အားယုတ်လျော့လာတဲ့သက်သေ တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒါပေမဲ့ သူတို့မှာ လက်နက်အင်အားက အဆမတန်ရှိနေတော့ ကျွန်တော် တို့ပြည်သူတွေဟာ မလူးသာမလွန့်သာအခြေအနေမှာနေထိုင်ရတာပါ။ ပြည်သူတွေကို လက်နက်နဲ့ဖိနှိပ် ထားတော့ ပြည်သူကလည်း လက်နက်နဲ့ပဲပြန်ပြီးတိုက်ခိုက်ချေမှုန်းမှရမယ့်အနေအထားပါ။ ကျွန်တော်တို့ မှာ လက်နက်မရှိတော့ တော်လှန်ရေးဟာ မကြာသင့်ဘဲဒီလောက်အထိကြာမြင့်ခဲ့ပါပြီ။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...