ဟိုးအရင်နှစ်တွေကဆို တစ်ယောက်ကိုတစ်ယောက် ဧပြီဖူးလ်လုပ်ပြီး ဆိုရှယ်မီဒီယာတွေပေါ်စနောက် နေကျ။ ဒီနှစ်ကတော့ စစ်ကောင်စီကိုမကျေနပ်တဲ့အသံတွေနဲ့ပြည့်နှက်လို့နေခဲ့တယ်။ PDF ကလေးတွေ လည်း တစ်ယောက်ပြီးတစ်ယောက်ကျနေတဲ့သတင်းတွေမြင်ရတယ်၊ တွေ့ရတယ်။ စစ်ကောင်စီခွေးတွေ အယောက် ၁၀၀ လောက်သေတာနှမြောစရာမရှိပေမဲ့ PDF လေးတွေ တစ်ယောက်လောက်သေတာကပို ပြီးတန်ဖိုးရှိတယ်။ ပိုပြီးတော့ နှမြောဖို့ကောင်းတယ်။ မန္တလေး၊ စစ်ကိုင်းတို့မှာ ပြည်သူဖက်က တိုက်ခိုက် မှုတွေ ပိုလာတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီဖက်က နှိမ်နင်းမှုတွေဟာ ပိုပြီးရက်စက်လာတယ်။
ဇွန် ၂၃၊ ၂၀၂၅။ (တနင်္လာ)
ရှမ်းမြောက်မှာ MNDAAသိမ်းပိုက်ထားတဲ့လားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးလိုက်ရပြီးနောက်သိန္ဒီမြို့ကိုပါ ပေးရဦးမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။သေချာပြီမဟုတ်သေးပေမယ့်...