ချင်းပြည်နယ် မတူပီမြို့နယ်၊ မင်းတပ်မြို့နယ် လမ်းတွေမှာ စစ်ကောင်စီတပ်နဲ့ ချင်း CDF တို့ တိုက်ပွဲပြင်းထန်နေတယ်လို့သိရတယ်။ စစ်တပ်ဟာ လေကြောင်းတွေအကူအညီနဲ့ PDF အဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းနေတယ်။ ဒါပေမဲ့ စစ်ခွေးတွေ တော်တော်သေဆုံးမှုများနေတဲ့အကြောင်း ဆိုရှယ်မီဒီ ယာပေါ်မှာ တွေ့ရတော့ ဝမ်းသာမိတယ်။ နိုင်ငံအနှံ့ဆန္ဒပြပွဲတွေကလည်းဆက်တိုက်ရှိနေတယ်။ ပြောက် ကျားစနစ်နဲ့ ဆန္ဒပြရတာဟာ အန္တရယ်သိပ်များတယ်။ ဒါပေမဲ့ ပြည်သူတွေဟာ ဘယ်တော့မှ သွေးမအေး ကြောင်းကို ဒီလိုလှုပ်ရှားမှုတွေကတစ်ဆင့် ကွက်ကွက်ကွင်းကွင်းမြင်နေရပါတယ်။ တစ်ဖက်မှာလည်း စစ် ကောင်စီဟာ အစွမ်းကုန်ယုတ်မာနေပါတယ်။ ပြည်သူတွေကိုဖမ်းဆီးတာ၊ ရွာလုံးကျွတ်မီးရှို့တာမျိုးတွေ က ဘယ်တော့မှ ခွင့်မလွတ်နိုင်တဲ့ကိစ္စတွေပါပဲ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...