နိုင်ငံအနှံ့မှာ မရှိလောက်တော့ဘူးလို့ထင်ထားတဲ့ သပိတ်တွေဟာအဆက်မပြတ်ရှိနေပါတယ်။ ပြောက် ကျားသပိတ်တွေအဖြစ်နေရာအနှံ့မှာဆောင်ရွက်နေကြတယ်။ မန္တလေးမှာဆိုရင်လည်း သံဃာသပိတ်စစ် ကြောင်းက ပုံမှန်မပြတ်ရှိနေပါတယ်။ မအလ တို့နဲ့ပတ်သက်လို့ သွေးမအေးသွားကြဘူး။ အားလုံးက နည်း လမ်းပေါင်းစုံကနေ တွန်းလှန်နေကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လူပင်ပန်းတာမျိုးတွေတော့ရှိတာ ပေါ့လေ။ ဒါပေမဲ့ အဆုံးသတ်တိုက်ပွဲကိုဆင်နွဲရမှာဖြစ်ပါတယ်။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...