ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိကန်ရဲ့ဆုံးဖြတ်ချက် ကို အရပ်ဖက် ၃၅၇ ဖွဲ့ က ကြိုဆိုလိုက်ပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို အိုင်စီစီတရားရုံးကို ပို့ရေးအတွက် အမေ ရိကန်က တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ မင်းအောင်လှိုင်ကို မြန်မြန်ကျဆုံးစေ ချင်ပြီ။ တစ်နိုင်ငံလုံးမှာလည်း သူ့နဲ့အပေါင်းပါတွေကို ဆန့်ကျင်နေတာ နေ့စဉ်တိုင်းပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


