မြဝတီမှာရှိတဲ့စစ်စခန်းကို KNLA က သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်။ ဓါတ် ပုံတွေ ဆိုရှယ်မီဒီယာပေါ်တက်လာတော့အားလုံးကဝမ်းသာကြတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေ လိုအပ်နေတာ လက်နက်ပဲ။ စစ်ခွေးတွေဟာ လက်နက်အားကိုးနဲ့ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ နှိပ် စက်နေကြတယ်။ မြန်မာပြည်သူတွေမှာ လက်နက်သာရှိရင် သူတို့ဒီလောက်ထိ ကြာရှည်ခံမှာမဟုတ်ဘူး။ အခုတော့ လက်နက်ဗန်းပြပြီး လူသတ်နေကြတဲ့ စစ်အုပ်စုကို စိတ်နာနေရုံလောက်သာတတ်နိုင်နေကြ တယ်။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...