ဇေကမ္ဘာဦးခင်ရွှေနဲ့ သူ့သားဇေသီဟတို့ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့သတင်းတွေမှာဖော်ပြတယ်။ ခရိုနီတွေဆီကို စစ်တပ်က မျက်စိကျနေပြီလား။ ဇေကမ္ဘာခင်ရွှေဟာ စစ်တပ်ဖက်အသိုင်းအဝိုင်းနဲ့နီးစပ် သူဖြစ်လို့ အဖမ်းခံရတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ယူဆကြတယ်။ စစ်တပ်က ဘယ်လိုအကွက်တွေရွှေ့ပြန် ပြီလဲ။ ဖမ်းဆီးရတဲ့အကြောင်းပြချက်တွေကတော့ အမျိုးမျိုးပဲမို့ လူတွေကစိတ်မဝင်စားကြပါဘူး။ သူတို့ က သူတို့ဖမ်းချင်ရင် ကြိုက်တဲ့၍ဥပဒေနဲ့ဖမ်းဆီးလို့ရတာပဲလေ။ ယင်းမာပင်မြို့နယ်မှာ စစ်ဘေးတိမ်း ရှောင်နေတဲ့ ဒေသခံအမျိုးသား ၃၀ ကိုလည်း စစ်တပ်က ဖမ်းဆီးသွားခဲ့တယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


