လူငယ်တွေ တော်တော်များများအသတ်ခံရတယ်။ သူတို့ကိုတွန်းလှန်နေသူတွေတင်မဟုတ်ဘူး။ သူတို့ မြင်ကွင်းမှာ အမြင်မတော်ရင် သတ်ပစ်လိုက်တာပဲ။ သူတို့ပါးစပ်ဟာဥပဒေပါ။ သူတို့ဆိုတာ စစ်ကောင်စီ အဖွဲ့ကိုပြောတာပေါ့။ မတရားဖမ်းဆီးခံရတဲ့လူငယ်တွေလည်း ထောင်ထဲမှာ နည်းလမ်းပေါင်းစုံနဲ့နှိပ်စက် ခံနေရတယ်။ ထောင်ထဲကိုရောက်နေတဲ့သူငယ်ချင်းတွေကို ထောင်ဝင်စာတွေ့တဲ့လူငယ်တွေလည်း အ ကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ခံရပြန်တယ်။ မန္တလေးမှာ ထောင်ကျနေတဲ့သူတွေကို ကူညီနေတဲ့လူငယ်တွေ ကို အရေးယူလိုက်တဲ့သတင်းဖတ်ရပြန်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


