လူငယ်တွေ တော်တော်များများအသတ်ခံရတယ်။ သူတို့ကိုတွန်းလှန်နေသူတွေတင်မဟုတ်ဘူး။ သူတို့ မြင်ကွင်းမှာ အမြင်မတော်ရင် သတ်ပစ်လိုက်တာပဲ။ သူတို့ပါးစပ်ဟာဥပဒေပါ။ သူတို့ဆိုတာ စစ်ကောင်စီ အဖွဲ့ကိုပြောတာပေါ့။ မတရားဖမ်းဆီးခံရတဲ့လူငယ်တွေလည်း ထောင်ထဲမှာ နည်းလမ်းပေါင်းစုံနဲ့နှိပ်စက် ခံနေရတယ်။ ထောင်ထဲကိုရောက်နေတဲ့သူငယ်ချင်းတွေကို ထောင်ဝင်စာတွေ့တဲ့လူငယ်တွေလည်း အ ကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ခံရပြန်တယ်။ မန္တလေးမှာ ထောင်ကျနေတဲ့သူတွေကို ကူညီနေတဲ့လူငယ်တွေ ကို အရေးယူလိုက်တဲ့သတင်းဖတ်ရပြန်တယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...