ဒီရက်ပိုင်းအတွင်း သတင်းခပ်စိပ်စိပ်တွေ့လာရတာက စစ်တပ်ရဲ့ယုတ်မာမှုအစွမ်းကုန်လုပ်နေတဲ့ကိစ္စပဲ။ သူတို့ဟာ ရွာတွေကိုမီးရှို့ပြီးရွာသူရွာသားတွေကိုသတ်ဖြတ်တယ်။ PDF စခန်းတွေ၊ သူတို့နဲ့တိုက်ပွဲဖြစ်ပွား နေတဲ့ပြည်သူတွေကို လေကြောင်းကနေတစ်ဆင့် ဗုံးကြဲတယ်။ ဒီနှစ်ခုပဲ။ လေကြောင်းစစ်နဲ့ထိုးနှက်နေ တော့ ပြည်သူတွေအလူးအလဲခံကြရတယ်။
နိုဝင်ဘာ ၀၅၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မိုးကုတ်နဲ့မိုးမိတ်မြို့တွေကTLNAတပ်တွေနိုဝင်ဘာလအကုန်ဆုတ်ခွာမယ်လို့သိရတယ်။TLNAဆုတ်ခွာသွားပေမယ့်မိုးကုတ်မြို့ကိုNUGလက်အောက်ခံတပ်တွေဆက်လက်ထိန်းချုပ်ကာကွယ်သွားမှာလို့ကြေညာထားတယ်။မိုးမိတ်မြို့ကိုလဲဒေသခံPDFတပ်တွေနဲ့အတူဝါရင့်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ABSDFတပ်တွေကဆက်လက်ကာကွယ်သွားမယ်လို့သိရတယ်။KIAကလဲမိုးမိတ်မြို့ကာကွယ်ရေးအတွက်လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ပြောထားတယ်။ တော်လှန်ရေးတပ်တွေကစစ်တပ်ရဲ့ထိုးစစ်ကိုခုခံဖို့ပြင်ဆင်နေချိန်မှာပဲမြို့ခံတွေကတော့လေကြောင်းရန်ကိုကြောက်လို့မြို့ကိုစွန့်ခွာနေကြတယ်။ဒါ့အပြင်TLNAကမဆုတ်ခွာမှီစစ်တပ်ကိုခေါ်သွင်းလာမှာစိုးရိမ်နေကြတယ်။လားရှိုးမြို့တုန်းကMNDAAတပ်တွေကိုယ်တိုင်စစ်တပ်ကိုမြို့ထဲထိခေါ်သွင်းပြီးပြန်ပေးခဲ့တာလေ။အခုမိုးကုတ်နဲ့မိုးမိတ်မြို့ကိုလဲTLNAကလားရှိုးပုံစံစစ်တပ်ကိုခေါ်သွင်းလာမှာစိုးရိမ်နေကြတယ်။ဒါပေမယ့်ထိုနှစ်မြို့ပေါ်နဲ့မြို့ပတ်ဝင်းကျင်ဒေသတွေမှာအခြားတော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းကောင်းနဲ့ထိန်းချုပ်ထားတာကြောင့်လားရှိုးလိုဖြစ်လာနိုင်ဖို့တော့သိပ်မလွယ်ပါဘူး။ဒီလကုန်TLNAဆုတ်ခွာတဲ့အချိန်ကိုစောင့်ကြည့်ရမှာပဲ။


