အသက် (၃) နှစ်အရွယ်သာရှိတဲ့ ကလေးကို သတ်ပြီး မိခင်ဖြစ်သူကို မုဒိန်းကျင့်တဲ့ စစ်ကောင်စီအဖွဲ့ ဝင်တွေအကြောင်းကို သတင်းတစ်ပုဒ်မှာဖတ်လိုက်ရတော့ တော်တော်လေးဒေါသထွက်မိသွားတယ်။ ဘယ်ဘုရားမှ မကယ်နိုင်တော့ဘူးလား။ တစ်နိုင်ငံလုံးကို ဒီလောက်ယုတ်မာနေတာ ဘာလို့ စစ်ကောင်စီ အဖွဲ့ဝင်တွေကို ဘုရားကအပြစ်မပေးရတာလဲ။ သည်းမခံနိုင်လောက်အောင်ကိုရက်စက်ယုတ်မာလွန်း အားကြီးလှပါတယ်။ ဒီရက်ပိုင်းမှာတော့ မြန်မာပြည်အထက်ပိုင်းက စစ်ခွေးတွေရဲ့နှိပ်စက်မှုဒဏ်ကိုအလူး အလဲခံနေကြရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


