NUGကာကွယ်ရေးဝန်ကြီးဌာနကခုခံတော်လှန်စစ်ခြောက်လပြည့်အစီရင်ခံစာထုတ်ပြန်တယ်။စာထဲမှာပြည်သူတွေရဲ့ပျောက်ကျားစစ်အောင်မြင်နေတယ်ပြောတယ်။ပြည်ပကနေအကူအညီတပြားတချပ်မှမရသေးဘူးတဲ့။ပြည်တွင်းပြည်ပကပြည်သူတွေရဲ့အလှူငွေဒေါ်လာသန်းသုံးဆယ်ခန့်နဲ့အသက်ဆက်နေရပုံပဲ။ထိုငွေတွေနဲ့PDFတွေလိုအပ်နေတဲ့အနည်းဆုံးလက်နက်ခဲယမ်းပမာဏကိုဖြည့်စီးပေးနိုင်တော့မယ်လို့ဆိုတယ်။
အနှစ်ချုပ်သုံးသပ်ရရင်NUGဟာမနိုင်ဝန်ထမ်းနေရတုန်းပဲ။တော်လှန်ရေးကိုဘယ်နိုင်ငံမှမကူညီတာဟာအတော်ဆိုးတယ်။ဒီပုံစံတိုင်းဆိုတော်လှန်ရေးကာလဟာရှည်လျားထွေပြားမယ့်ပုံပဲ။ပြည်သူတွေလဲအတော်ကိုပန်းနေကြပြီ။ဘာပဲဖြစ်ဖြစ်ဒီမိုးမတိုင်ခင်တော့NUGကဦးဆောင်ပြီးစစ်ရေးလှုပ်ရှားမှုကြီးတစ်ခုခုအကောင်အထည်ဖော်သင့်တယ်။မဟုတ်ရင်ဒီနှစ်ကုန်ထိဇာတ်မြောသွားလိမ့်မယ်။ဒီနှစ်ကုန်မှဘာမှဖြစ်မလာဘူးဆိုရင်တော့တော်လှန်ရေးဟာအခြေအနေကောင်းမှာမဟုတ်ဘူး။