ပြောလို့မဆုံးခင်ပဲKNUတပ်မဟာခြောက်နယ်မြေကော့ကရိတ်မြို့အာရှလမ်းမကြီးပေါ်မှာတိုက်ပွဲတွေစဖြစ်နေပြီ။ဒီနေ့မနက်ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ထိုလမ်းမကြီးပေါ်မှာကုန်ကားနှစ်စီးနဲ့မှန်လုံယာဥ်တစ်စီးမီးလောင်နေတယ်။ထိုင်းနိုင်ငံနဲ့ဆက်သွယ်ထားတဲ့အာရှလမ်းမကြီးကိုလဲပိတ်ထားလိုက်ပြီ။KNU စစ်ကောင်စီကိုတပ်တွေဆုတ်ပေးဖို့စာထုတ်ထားတာကိုမဆုတ်ပေးတဲ့အပြင်အင်အားတွထပ်တိုးလာလို့အခြေအနေတွေအတော်တင်းမာနေတယ်။
အာရှလမ်းမကြီးကိုပိတ်လိုက်တဲ့အတွက်ထိုင်းနိုင်ငံနဲ့ကုန်စည်စီးဆင်းမှုတွေခတ္တပြတ်တောက်သွားလိမ့်မယ်။နဂိုကတည်းကတရုတ်နိုင်ငံဖက်ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်နေရာကနေအခုထိုင်းနိုင်ငံဖက်ပါပိတ်ပြီဆိုရင်ပြည်တွင်းမှာကုန်စျေးနှုန်းတွေထပ်တက်လာဖို့ပဲရှိတယ်။