မြစ်ငယ်မှာတမြို့လုံးနီးပါးကိုစစ်ကောင်စီကဖျက်စီးပြီးနောက်အနီးအနားကရွာတွေကိုပါဖျက်ဖို့စာလိုက်ကပ်နေတယ်။မြို့နေပြည်သူတွေလဲအထိတ်တလန့်ဖြစ်နေကြပြီ။ဒါ့အပြင်မြစ်ငယ်ကဖျက်စီးခံလိုက်ရတဲ့အိမ်ထောင်စုတွေကိုအိမ်မငှားဖို့၊ငှားရင်အိမ်ရှင်ကိုပါအရေးယူမယ်လို့ကြေငြာနေတယ်။စစ်တပ်ဟာအစွမ်းကုန်ယုတ်မာရိုင်းစိုင်းနေပြီ။
ကရင်ပြည်နယ်၊KNUတပ်မဟာခြောက်နယ်မြေမှာတော့KNUကစစ်ကောင်စီတပ်တွေလေးကေကော်ဒေသကဆုတ်ခွာဖို့စာထုတ်ထားတယ်။စစ်သူပုန်တွေရှိနေတာကြောင့်ဒေသခံတွေဟာဒီဇင်ဘာလကစပြီးအခုထိအိမ်မပြန်နိုင်ကြသေးဘူး။စစ်သူပုန်တွေမဆုတ်ခွာရင်တိုက်ပွဲတွေအကြီးအကျယ်ဖြစ်မယ့်သဘောရှိတယ်။