ပြီးခဲ့တဲ့လကဖာပွန်ဒေသကနေ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ ထွက်ခွာကြဖို့ KNU က သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်းမှာ စစ်ရေးပြင်းထန်လာတာကြောင့် မြို့ခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဖာပွန်ဟာKNUတပ်မဟာ၅နယ်မြေထဲပါဝင်ပြီးအဲဒီဒေသကိုစစ်ကောင်စီတပ်တွေထိုးစစ်ဆင်တာတွေရှိနေပါတယ်။ဖာပွန်မြို့အနီးမှာလက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေဟာနေ့စဉ်လိုလိုကြားနေရတယ်လို့သိရပါတယ်။ဒါအပြင်ပစ်ခတ်မှုတွေကြောင့်မြို့ခံတွေထိခိုက်ဒဏ်ရာရမှုလည်းရှိနေပါတယ်။
လက်ရှိဖာပွန်မြို့အခြေအနေကတော့ဝန်ထမ်းတွေရော မြို့ခံတွေပါ စွန်ခွာ ကြတာကြောင့် မြို့ဟာ တိတ်ဆိတ်ခြောက်ကပ်လို့နေတယ်လို့ သိရပါတယ်။ဆက်သွယ်ရေးဖုန်းလိုင်းလည်း ပြတ်တောက်နေတယ်လို့သိရတယ်။