မန္တလေးတိုင်း၊မြစ်ငယ်မြို့ကမီးရထားCDMဝန်ထမ်းတွေနေထိုင်တဲ့ရပ်ကွက်၁၃ခုကပြည်သူ၈၀၀၀၀ ကျော်ကိုစစ်ကောင်စီကအတင်းပြောင်းရွှေ့ခိုင်းနေတယ်။အခုဆိုရင်ထိုနေရာကပြည်သူတွေဟာကိုယ့်အိမ်ကိုဖျက်ပြီးပြောင်းဖို့ပြင်ဆင်နေကြရပြီ။မဖျက်တဲ့အိမ်တွေကိုလဲစစ်ကောင်စီကဘူဒိုဇာနဲ့ထိုးပြီးဖျက်စီးနေတယ်။ကျူးကျော်အိမ်တွေသာမကအိမ်ကြီးအိမ်ကောင်းတွေပါပါဝင်နေလို့လူတွေအတိဒက္ခရောက်နေကြတယ်။စစ်ကောင်စီဟာအကြောင်းပြချက်တစုံတရာမပေးပဲချက်ချင်းဝင်ရောက်ဖျက်စီးနေတာကြောင့်မြစ်ငယ်တစ်ခုလုံးဗြောင်းဆန်နေပြီ။ကားကြီးကားငယ်အသွယ်သွယ်နဲ့ရွှေ့ပြောင်းနေကြရတယ်။ပြောင်းစရာနေရာမရှိတဲ့သူတွေကတော့ဖျက်ထားတဲ့ကိုယ့်အိမ်နေရာမှာပဲတဲထိုးပြီးဆက်နေကြရရှာတယ်။အဲဒီလိုနေတာမျိုးကလဲသိပ်တော့မသေချာဘူး။စစ်တပ်ကလက်နက်အားကိုးနဲ့လုပ်ချင်တိုင်းလုပ်နေကြတယ်။
ဒီလိုအဖြစ်အပျက်မျိုးပြီးခဲ့တဲ့လကမန္တလေးမြို့ပေါ်မှာဖြစ်ပွားခဲ့သေးတယ်။ပိုင်ဆိုင်မှုအထောက်အထားအခိုင်အမာရှိတဲ့မြို့ပေါ်ရပ်ကွက်တစ်ခုကိုလျှပ်စစ်တာဝါတိုင်နဲ့မလွတ်လို့ဆိုပြီးစစ်ကောင်စီကဝင်ရောက်ဖျက်စီးခဲ့သေးတယ်။အဲ့ဒီတုန်းကလဲဂရန်အမည်ပေါက်အိမ်ကြီးအိမ်ကောင်းတွေပါသွားတယ်။ဒီလိုတရားလက်လွတ်ပြုမူမှုတွေကိုစစ်ကောင်စီကိုယ်တိုင်ပြုလုပ်နေတော့ပြည်သူတွေဟာတိုင်စရာနေရာမရှိခါးစည်းပြီးခံနေကြရတယ်။