လတစ်လတော့ကုန်သွားပြန်ပြီ။တော်လှန်ရေးအခြေအနေကတော့ရှေ့မတိုးနောက်မဆုတ်နဲ့အီနေတုန်းပဲ။ဒါဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။
NUGဟာပြီးခဲ့တဲ့နှစ်ကုန်လောက်ကလာမယ့်ခြောက်လအတွင်းတော်လှန်ရေးကိုပြီးအောင်လုပ်ရမယ်လို့ပြောခဲ့ဖူးတယ်။ဒီနှစ်အစမှာလဲ၂၀၂၂ဟာပြည်သူတွေအောင်ပွဲခံမယ့်နှစ်လို့ကြွေးကြော်ပြန်တယ်။ဒါပေမယ့်အခုအချိန်ထိလောက်လောက်လားလားဘာလှုပ်ရှားမှုမှမတွေ့ရသေးဘူး။
ပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာကရင်ပြည်နယ်လေးကေကော်ဒေသကိုစစ်ကောင်စီကထိုးစစ်ဆင်တယ်။ထိုဒေသမှာရှောင်နေကြတဲ့တချို့လွှတ်တော်အမတ်တွေအပါအဝင်မြို့ပေါ်အလွှာစုံကလူတွေသေပြေးရှင်ပြေးပြေးကြရတယ်။KNUကဦးဆောင်ပြီးစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံရတယ်။အဲ့ဒီအချိန်ထိထိုဒေသကNUGရဲ့PDFတွေလက်နက်မဲ့နေဆဲပဲဖြစ်လို့မကျေမနပ်အသံတွေဆူညံလာခဲ့တယ်။အခုဖေဖော်ဝါရီလထဲမှာလဲကယားပြည်နယ်ကိုစစ်ကောင်စီကပြင်းထန်စွာထိုးစစ်ဆင်လို့မိုးဗြဲအပါအဝင်တချို့PDFစိုးမိုးနယ်မြေတွေကိုလက်လွတ်ပေးခဲ့ရတယ်။စစ်ကိုင်းတိုင်းရဲ့အခြေအနေကိုတော့ထည့်မပြောတော့ဘူး။အလူးအလဲခံနေရတယ်။ မြေပြင်ကတကယ်တိုက်နေတဲ့အဖွဲ့တွေကိုNUGကဘာတွေထောက်ပံ့နေလဲ။တော်လှန်ရေးအောင်မြင်ဖို့စစ်ရေးဆိုင်ရာမဟာဗျူဟာတွေဘယ်လိုချမှတ်နေလဲ။အပြောင်းအလဲတစ်ခုကိုဘယ်လိုပုံဖော်မှာလဲ။အခုထိဘာမှရေရေရာရာရုပ်လုံးပေါ်မလာသေးဘူး။
အချိန်သိပ်မကျန်တော့ဘူး။၂၀၂၂ထဲမှာအောင်ပွဲရဖို့ဆိုရင်မိုးရာသီမတိုင်အခုကျန်တဲ့ မတ်၊ဧပြီ၊မေ သုံးလအတွင်းမှာစစ်ရေးအရအတိုင်းအတာတစ်ခုအထိခရီးရောက်နေဖို့လိုတယ်။အဲ့ဒီလိုခရီးရောက်ဖို့ဆိုရင်အခုမတ်လထဲမှာကိုယ့်ဘက်ကစစ်ရေးလှုပ်ရှားမှုတစ်ခုခုမဖြစ်မနေစတင်အကောင်အထည်ဖော်သင့်နေပြီ။ဒီလကုန်ထိဇာတ်မြောနေဦးမယ်ဆိုရင်တော့တော်လှန်ရေးရဲ့အနာဂတ်ဟာစိုးရိမ်စရာကောင်းလာလိမ့်မယ်။