စစ်ကောင်စီဟာမတရားဖမ်းဆီးထားတဲ့နာမည်ကြီးအနုပညာရှင်တချို့ကိုပြန်လွှတ်ပေးလိုက်တယ်။သူတို့ကိုပြန်လွှတ်ပေးမယ်လို့သတင်းတွေမကြာခဏထွက်ခဲ့ပေမယ့်အခုမှတကယ်ပြန်လွတ်လာတာပါ။ဒါပေမယ့်လဲအကျဉ်းထောင်တွေထဲမှာပိုပို၊ရဲတိုက်တို့လိုအနုပညာရှင်တွေအများအပြားကျန်ပါသေးတယ်။ဒါ့အပြင်နာမည်ကြီးနိုင်ငံရေးသမားတွေဖြစ်တဲ့ကိုမြအေး၊မောင်သာချိုတို့ကိုတော့ပြန်လွှတ်ပေးဖို့လမ်းမမြင်သေးပါဘူး။
အခုလွှတ်ပေးတာလဲအကြောင်းမဲ့တော့မဟုတ်ဘူး။စစ်ကောင်စီဟာအနုပညာရှင်တွေပြန်လွတ်လာတဲ့သတင်းတွေကိုကာဗာယူပြီးပြည်တွင်းထောက်ပို့အဖွဲ့တွေကိုပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးလျက်ရှိပါတယ်။ဒီအကြောင်းကိုတော့လူတွေသိပ်မသိကြသေးဘူး။