ဒီနေ့ဟာတနိုင်ငံလုံးကပြည်သူအများစုလမ်းမတွေပေါ်ထွက်ဆန္ဒထုတ်ဖော်ကြတဲ့ပြည်လုံးကျွတ်အထွေထွေသပိတ်တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်တယ်။ဒီနေ့မှာကြားရတဲ့သတင်းကောင်းတစ်ခုကတော့စစ်ကောင်စီရဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကိုEUကဆန်ရှင်ချမှတ်လိုက်တယ်။တိုတယ်နဲ့ရှဗရွန်ကုမ္မဏီတို့ထွက်ခွာသွားပြီးနောက်ပိုင်းစစ်ကောင်စီရဲ့အဓိကဝင်ငွေရလမ်းအပေါ်အမြင့်ဆုံးဆန်ရှင်ချမှတ်မှုဖြစ်တယ်။ဒါပေမယ့်အခုအချိန်ထိEUကသာအရေးယူခြင်းဖြစ်ပြီးအမေရိကန်လဲဆက်လက်ပါဝင်ဖို့လိုအပ်နေသေးတယ်။သူလဲအနှေးနှင့်အမြန်အရေးယူလိမ့်မယ်လို့ယူဆရတယ်။
ဒါနဲ့တင်မလုံလောက်သေးပဲနောက်ထပ်အရေးကြီးတဲ့ပိတ်ဆို့မှုတွေဆက်လုပ်ဖို့လိုသေးတယ်။အနီးစပ်ဆုံးကတော့လေယာဉ်ဆီကိုပိတ်ဆို့မှုတွေလုပ်ပေးဖို့ပဲ။သို့မှသာစစ်ကောင်စီရဲ့နိုင်ထက်စီးနင်းလေကြောင်းတိုက်ခိုက်မှုတွေကိုတားဆီးနိုင်လိမ့်မယ်။