ဒီမော့ဆိုမှာစစ်ရှောင်စခန်းတွေကိုပါစစ်တပ်ကဆက်တိုက်ဗုံးကြဲနေတယ်။တောထဲမှာအမိုးစိမ်းစိမ်းမြင်တာနဲ့ပစ်တော့တာပဲ။ပေါင်၅၀၀ဗုံးတွေကိုပါသုံးလာတယ်။စစ်ဘေးရှောင်တွေမှာအမိုးအကာတောင်မလုပ်ရဲတော့ဘူး။ကယားပြည်နယ်ကကျဉ်းကျဉ်းလေးပါ။အခုဆိုစစ်ကောင်စီကနေရာတိုင်းနီးပါးထိုးစစ်ဆင်နေတော့စစ်ဘေးရှောင်တွေမှာပြေးစရာမြေမရှိတော့ဘူး။
ယင်းမာပင်ကချင်းပုံးရွာမှာလဲPDFသင်တန်းဆင်းပွဲရှိတယ်ဆိုပြီးရဟတ်ယာဉ်တွေနဲ့ရွာကိုဝင်စီးပြီးပစ်ခတ်နေလို့ရွာသားတွေပိတ်မိနေကြတယ်။ဒီရက်ပိုင်းစစ်ကောင်စီဟာလေကြောင်းအကူအညီကိုနေရာတိုင်းမှာလှိုင်လှိုင်သုံးနေတယ်။