ကယားပြည်နယ်မှာတပတ်ဆက်တိုက်တိုက်ပွဲတွေပြင်းထန်နေပြီးဒီနေ့မှာPDFစိုးမိုးနယ်မြေဖြစ်တဲ့ဗျူဟာကျတဲ့နန်းမယ်ခုံဒေသကိုစစ်ကောင်စီကသိမ်းပိုက်လိုက်တယ်။နန်းမယ်ခုံဟာလွိုင်ကော်၊မိုးဗြဲနဲ့ဒီမော့ဆိုကြားမှာရှိပြီးစစ်ရေးအရဗျူဟာကျလို့စစ်ကောင်စီဟာလက်နက်ကြီးတွေရောလေကြောင်းပစ်ကူပါအလွန်အကျွံသုံးကာနေ့စဥ်ရက်ဆက်ထိုးစစ်ဆင်ခဲ့တယ်။ဒါကြောင့်တိုက်ပွဲကာလတပတ်ခန့်အကြာမှာKNDFဖက်ကလက်လွှတ်ပေးခဲ့ရတယ်။အခုဆိုမိုးဗြဲကိုစစ်ကောင်စီကထိန်းချုပ်ဖို့လွယ်သွားပြီပေါ့။တိုက်ပွဲတွေခဏငြိမ်သွားပေမယ့်စစ်ကောင်စီဟာမကြာမီကာလအတွင်းဒီမော့ဆိုကိုပါထိုးစစ်ဆင်လာလိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


