ရန်ကုန်မှာYBSလိုင်းကားပေါ်ဓားပြတိုက်မှုတွေတောင်ဖြစ်ပွားလာပြီ။မြောက်ဥက္ကလာပမြို့နယ်၊YBS 42 ပေါ်မှာနေ့ခင်းကြောင်တောင်ဓားပြတိုက်သွားခဲ့တာပါ။နေ့လည်ဘက်ဆိုတော့ကားပေါ်မှာခရီးသည်သိပ်မပါလာဘူး။ဓားပြစုစုပေါင်းသုံးယောက်လို့သိရပြီးယာဉ်မောင်းကိုကားတံခါးတွေအသေပိတ်ခိုင်းကာခရီးသည်တစ်ဦးချင်းဆီကရသမျှအကုန်ယူဆောင်သွားတယ်လို့သိရတယ်။ကားပေါ်မှာလူနည်းနေတဲ့အတွက်ပြန်ခုခံဖို့လဲအခွင့်မသာခဲ့ဘူး။
ဒီလိုဖြစ်ရပ်မျိုးအရင်ကကြားတောင်မကြားဖူးဘူး။အခုချိန်ကလမ်းသွားလဲမလုံခြုံ၊လိုင်းကားပေါ်မှာတောင်မလုံခြုံတော့ဘူး။ရဲတပ်ဖွဲ့ဆိုတာကလဲစစ်တပ်ရဲ့လက်ကိုင်တုတ်မျှသာပဲ။မင်းမဲ့စရိုက်ဆန်တဲ့အခြေအနေတွေဟာတနေ့တခြားပိုမိုဆိုးရွာလာနေပါပြီ။